




YumeYuki(ယူမီယူကီ) Japanese Language School အနေဖြင့်လည်း ဂျပန်ဘာသာစကားကို (5 Skills) အရေး၊ အဖတ်၊ အပြော၊ အတွေး၊ နားထောင်မှု စွမ်းရည်များကို သင်ကြားပေးနေခြင်းနှင့် ဂျပန်လူမျိုးတို့၏ ယဉ်ကျေးမှုပုံစံ၊ နေထိုင်မှုပုံစံ၊ ရိုးရာဓလေ့စရိုက်များ၊ ဆောင်ရန်/ ရှောင်ရန်နှင့် လုပ်ငန်းခွင် အတွေ့အကြုံများကိုပါ တစ်ပါတည်း သင်ကြားပေးနေသည့် Language School တစ်ခုလည်း ဖြစ်ပါသည်။
YumeYuki သည် ဂျပန်ဘာသာစကားကို N5 မှ N1 အထိ သင်ကြားပေးခြင်းနှင့် ဂျပန်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းသော ဆရာ/ ဆရာမများနှင့် ဂျပန်မှ ကိုယ်တိုင်ကိုယ်ကျ အလုပ်လုပ်ပြီး ပြန်လာသော မြန်မာဆရာ/ ဆရာမများမှ ဂျပန်ဘာသာစကား တိုးတက်လာစေရန် ရွယ်ရည်၍ ဂျပန်စကားပြောကို အဓိကထား လေ့ကျင့်သင်ကြားပေးနေပြီး အရည်အချင်းစစ် စာမေးပွဲများကိုလည်း ပြုလုပ်ပေးလျှက်ရှိနေသည့်အပြင် Native Speaker များဖြစ်သော ဂျပန်လူမျိုး ဆရာ/ ဆရာမများမှလည်း ဂျပန်စကားပြောကို အထူးသင်ကြားပေးလျှက် ရှိပါသည်။
မှတ်ချက်အနေဖြင့် YumeYuki Company နှင့် လက်တွဲပြီး အကျိုးတူ ပူးပေါင်းလုပ်ကိုင်လိုသော မိတ်ဆွေအပေါင်းအသင်း ၊လူကြီးမင်းများကိုလည်း စဉ်ဆက်မပြတ် ဖိတ်ခေါ်နေကြာင်းကို သိရှိစေလိုပါသည်။ YumeYuki တွင် ကျောင်းတက်ရောက်ရန် ငွေကြေး အဆင်မပြေလိုသူများလည်း လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါသည်။ မပြောလို့မတတ်တာ စကားပါ။ ဦးနှောက်မှ စဉ်းစားပြီး အတွေးစတွေကို စကားလုးံအဖြစ် ထွက်ကျလာအောင်နှင့် သင်၏အိမ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ YumeYuki က ကူညီပေးပါရစေ။ YumeYuki ကိုသာ အရောက်လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါရစေ။ ယူမီယူကီက သင့်အား ကြိုဆိုနေပါတယ်။